ဟန်ဂေရီလွှတ်တော်သည် စီးပွားရေးလုပ်ငန်းရှင် ပီတာရိုနာ (Peter Rona) အား မဲအသာစီးဖြင့်အနိုင်ရရှိခဲ့သည့် အာဏာရ Fidesz Party မှ ကက်တလင်းနိုဗန် (Katalin Novak) သည် နိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် မတ်လ ၁၀ ရက်တွင် ရွေးချယ်ခံခဲ့ရကြောင်း Webindia123 သတင်းဌာနမှ မတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အစိုးရအဖွဲ့ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် နိုဗန်သည် လွှတ်တော်အမတ် နေရာ ၁၉၉ နေရာရှိသည့်အနက် ထောက်ခံမဲ ၁၃၇ မဲဖြင့် အနိုင်ရရှိခဲ့သဖြင့် ဟန်ဂေရီ နိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာပြီး မေလ ၁၀ ရက်တွင် သမ္မတရာထူး တာဝန်အား လွှဲပြောင်းရယူသွားမည်ဖြစ်ပါသည်။ ဟန်ဂေရီသမ္မတအား လွှတ်တော်မှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပြီး သမ္မတလောင်းတစ်ဦးသည် ပထမအကြိမ်မဲပေးမှုတွင် လွှတ်တော်အမတ်အားလုံးမှ ၃ ပုံ ၂ ပုံ ဖြင့် ထောက်ခံမဲရရှိရန် လိုအပ်ကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment