တူရကီနိုင်ငံနှင့် ဂရိနိုင်ငံတို့အကြား အမြင်သဘောထားမတူညီမှုများရှိ နေသည့်တိုင်အောင် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂရိ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) တို့က မတ်လ ၁၃ ရက်တွင် ကတိပြုခဲ့ကြပါသည်။ တူရကီနှင့်ဂရိ ခေါင်းဆောင်နှစ်ဦးသည် တူရကီ နိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်စပ်လျဉ်း၍ အဓိကပြောဆို ဆွေးနွေးခဲ့ကြကြောင်း တူရကီသမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနှင့်ဂရိတို့ သည် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော်လည်း အဂ္ဂီယံပင်လယ် (Aegean Sea) နှင့် မြေထဲပင်လယ် (Mediterranean Sea) တို့အတွင်း ပင်လယ်ရေကြောင်းနှင့် စွမ်းအင် ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများကြောင့် ဆက်ဆံရေးအေးစက် တင်းမာလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment