Sunday, April 3, 2022

ဆားဘီးယားနိုင်ငံသည်ဧပြီလ ၃ ရက်တွင် သမ္မတနှင့် လွှတ်တော်အမတ်ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဆိုခြင်း

 

    ဆားဘီးယားနိုင်ငံသားများသည် ဆားဘီးယားသမ္မတအသစ်နှင့် လွှတ်တော် အဖွဲ့ဝင် ၂၅၀ နေရာအတွက် တာဝန်ရှိသူများကို ရွေးချယ်ရန် ဧပြီလ ၃ ရက်တွင် မဲရုံ များ၌ မဲပေးမှုများလုပ်ဆောင်သွားမည်ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၂၄ ခုနှစ်တွင်ကျင်းပရန် စီစဉ် ထားသော်လည်း သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ သို့မဟုတ် ဧပြီလမတိုင်မီ ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပ သွားရန် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့ပါသည်။ အထွေထွေ ရွေးကောက်ပွဲများအပြင် မြို့တော် ဘဲလ်ဂရိတ် (Belgrade) အပါအဝင် ဒေသန္တရ အုပ်ချုပ်မှုအောက်ရှိ မြို့ပေါင်း ၁၂ မြို့နှင့် အခြားသော မြို့ ၂ မြို့တို့တွင်လည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး မဲရုံများကို ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဖွင့်လှစ်ကာ ည ၈ နာရီတွင် ပိတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment