တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကတ်စ် (Caracas) ၌ တူရကီ Maarif Foundation အဖွဲ့၏ San Roman ကောလိပ်ကျောင်းကို ဧပြီလ ၂၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဧပြီလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ကျောင်းဖွင့်လှစ်မှုသည် ဗင်နီဇွဲလားနိုင်ငံ၏အနာဂတ်အား သိသာထင်ရှားစွာ တိုးတက် စေမည်ဟု ယုံကြည်လျက်ရှိကြောင်း မက်ဗလတ်ကာဗူဆိုဂလူက အဆိုပါကောလိပ်ဖွင့်ပွဲ၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် မကြာမီကာလအတွင်း၌ ကောလိပ်ကျောင်းအရေအတွက်နှင့် ကျောင်းသား၊ ကျောင်းသူအရေအတွက် လျင်မြန်စွာတိုးတက်လာမည်ဟု ၎င်းအနေဖြင့် မျှော်မှန်းလျက်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment