Sunday, April 10, 2022

ရိုမေးနီးယားအာဏာရပါတီသည် ဝန်ကြီးချုပ် နီကိုးလဲ့ချူကာအား ပါတီခေါင်းဆောင် အဖြစ်ခန့်အပ်ခဲ့ခြင်း

ရိုမေးနီးယားနိုင်ငံ၏ လက်ရှိအာဏာရ National Liberal ပါတီသည် ဧပြီလ ၁၀ ရက်တွင် ဝန်ကြီးချုပ် နီကိုးလဲ့ချူကာ (Nicolae Ciuca) အား ပါတီခေါင်းဆောင် အဖြစ်ခန့်အပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယခင်ပါတီခေါင်းဆောင်ဟောင်း ဖလိုရင်စီတူ (Florin Citu) သည် ဧပြီလ ၉ ရက်တွင် ရာထူးမှနုတ်ထွက်သွားခဲ့ခြင်းကြောင့် National liberal ပါတီဝင်များသည် ဧပြီလ ၁၀ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် နီကိုးလဲ့ချူကာအား ပါတီခေါင်းဆောင် အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။ နီကိုးလဲ့ချူကာသည် ရိုမေးနီးယားတပ်မတော်မှ ဗိုလ်ချုပ် အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှစတင်ကာ ဝန်ကြီးချုပ် တာဝန်အား စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment