Saturday, April 9, 2022
ဩစတြီးယားဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့သည် တွေ့ဆုံဆွေးနွေးမှုမျာပြုလုပ်ခဲ့ခြင်း
ဩစတြီးယားဝန်ကြီးချုပ် ကားလ်နီဟမ်မာ (Karl Nehammer) သည် ဧပြီလ ၁၁ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဩစတြီးယားနိုင်ငံ အနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင်ကြားနေနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက် ရှိသော်လည်း ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ စစ်ရေးအရကျူးကျော်တိုက်ခိုက်မှု များနှင့်စပ်လျဉ်း၍ ပြတ်သားသောရပ်တည်ချက်ရှိကြောင်းနှင့် စစ်ပွဲအားရပ်တန့်ရမည် ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် ၎င်းစစ်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန်လိုအပ်ကြောင်း ကားလ်နီဟမ်မာက ပြောကြားခဲ့ပါသည်။ ဩစတြီးယားဝန်ကြီးချုပ်၏ အထက်ပါ ခရီးစဉ်သည် ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအားတိုက်ခိုက်ခဲ့ပြီးနောက် ရုရှားသမ္မတနှင့် ပထမဦးဆုံးသွားရောက်တွေ့ဆုံသည့် ဥရောပနိုင်ငံများထဲမှ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment