Tuesday, May 3, 2022

မော်ဒိုဗာနိုင်ငံ၏လုံခြုံရေးကို ဆိုးရွားသောခြိမ်းခြောက်မှုများမရှိသေးကြောင်း မော်ဒိုဗာသမ္မတ

 

    မော်ဒိုဗာနိုင်ငံ၏ ခွဲထွက်ဒေသတစ်ခုဖြစ်သော ထရမ်စ်နစ်စတြီးယား (Transnistria) တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း လက်ရှိအခြေအနေတွင် မော်ဒိုဗာနိုင်ငံ၏လုံခြုံရေးကို ဆိုးရွားသောခြိမ်းခြောက်မှုများမရှိသေးကြောင်း မော်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sandu) က ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက ဧပြီလ ၂၈ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အကယ်၍ လုံခြုံရေးခြိမ်းခြောက်မှုများပေါ်ပေါက်လာပါက ယူကရိန်းနှင့် ရိုမေးနီးယားနိုင်ငံတို့အနေဖြင့် မော်ဒိုဗာနိုင်ငံသို့ စစ်ရေးထောက်ပံ့မှုများပေးအပ်ရန်လည်း သမ္မတမီယာဆန်ဒူက တောင်းဆိုခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် ယူကရိန်း နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ထရမ်စ်နစ်စတြီးယားဒေသ၏ လုံခြုံရေးဝန်ကြီး ဌာနနှင့် စစ်အခြေစိုက်စခန်းတစ်ခုတို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုသည် ယူကရိန်းနိုင်ငံသို့ ဦးတည်လျက်ရှိကြောင်း ထရမ်စ်နစ်စတြီးယား အကြီးအကဲ ဗဒင်းခရာစနိုဆယ်စကီ (Vadim Krasnoselsky) ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment