ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas–LNG) အား လာမည့်ဇွန်လမှစတင်၍ ရုရှားစွမ်းအင်ကုမ္ပဏီဖြစ်သည့် Gazprom ၏ လက်ရှိဈေးနှုန်းများထက် သက်သာသောဈေးနှုန်းများဖြင့် အမေရိကန်နိုင်ငံမှ ဝယ်ယူ တင်သွင်းသွားမည်ဖြစ်ကြောင်း Novinite သတင်းဌာနက မေလ ၁၁ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ကီရီလ်ပတ်ကော့ဗ် (Kiril Petkov) နှင့် အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ် (Kamala Harris) တို့တွေ့ဆုံမှုအတွင်း အထက်ပါ ဝယ်ယူရေးသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပါသည်။ ပတ်ကော့ဗ်နှင့် ဟားရစ်တို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွား ရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရေး အလားအလာ များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment