Wednesday, May 25, 2022

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် တူရကီထိပ်တန်းအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

 

    ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် မေလ ၂၅ ရက်တွင် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ နေတိုးမဟာမိတ်အဖွဲ့သို့ဝင်‌‌ရောက် နိုင်ရေးနှင့်ပတ်သက်၍ တူရကီထိပ်တန်းအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party) နှင့် ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် ကူညီထောက်ပံ့မှုများဆောင်ရွက်နေခြင်းကြောင့် NATO အဖွဲ့ဝင်အဖြစ်လက်မခံနိုင်ကြောင်း တူရကီနိုင်ငံက ဆန့်ကျင်ပြောကြားလျက်ရှိပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ ကိုယ်စားလှယ်အဖွဲ့များသည် တူရကီသမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ အီဗရာဟင်ကာလင် (Ibrahim Kalin) အပါအဝင် တူရကီဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဆီဒက်အိုနယ် (Sedat Onal) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment