ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ ဆီးရီးယားသံရုံးမှ သံရုံးတာဝန်ခံဖြစ်သူ မူဟာမက် မူဟာမက် (Muhammad Muhammad) နှင့် ဘူလ်ဂေးရီးယား-ဆီးရီးယား လွှတ်တော် ဆိုင်ရာမိတ်ဖက်ဆက်ဆံရေးအဖွဲ့ ကိုယ်စားလှယ်များသည် နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍ အသီးသီးတွင် ဆက်ဆံရေးခိုင်မာအားကောင်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆွေးနွေးခဲ့ကြောင်း SANA သတင်းဌာနက မေလ ၂၂ ရက်၌ဖော်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်အသက်သွင်းရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ တွန်းအားပေးဆောင်ရွက်ရေး တို့အတွက် ဘူလ်ဂေးရီးယားလွှတ်တော်သစ်အနေဖြင့် အရေးပါသည့်အခန်းကဏ္ဍမှပါဝင် သွားမည်ဟု မိတ်ဖက်ဆက်ဆံရေးအဖွဲ့အကြီးအကဲ ဗစ်တိုးရီးယားဗာစီလီဗာ (Victoria Vasileva) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment