DailySabah; May-24 (Tue)
တူရကီနိုင်ငံသည် ဒေသတွင်းရှိ အကြမ်းဖက်ခြိမ်းခြောက်မှုများကို တိုက်ဖျက် ရန်အတွက် ၎င်း၏တောင်ပိုင်းနယ်စပ်တစ်လျှောက်၌ စစ်ဆင်ရေးဆောင်ရွက်မှုအသစ် များကို မကြာမီစတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနှင့် တူရကီနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ အကွာတွင် ဘေးကင်းဇုန်များဖန်တီးရေးအတွက် ကြိုးပမ်းမှုများပြန်လည်စတင်ရန် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဝန်ကြီးအဖွဲ့အစည်းအဝေး အပြီးတွင်ပြုလုပ်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် စစ်ဆင်ရေးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုပြောကြား ထားခြင်းမရှိသော်လည်း စစ်ဘက်၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ပြင်ဆင်မှုများပြီးဆုံးပါက စစ်ဆင်ရေးကို စတင်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံသည် တောင်ဘက်တွင် ဆီးရီးယား၊ အီရတ်နိုင်ငံတို့နှင့် နယ်နိမိတ် ချင်းထိစပ်နေပြီး ၎င်း၏နယ်စပ်တစ်လျှောက်ရှိ ဒေသခံများ၏လုံခြုံရေးနှင့် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်မည့် အကြမ်းဖက်အခြေစိုက်စခန်းများကို ဖယ်ရှား ရှင်းလင်းရန် လုပ်ဆောင်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ၂၀၁၆ ခုနှစ်မှစတင်၍ အကြမ်းဖက်လမ်းကြောင်းများ ဖော်ဆောင်ခြင်းကို တားဆီးနိုင်ရန်နှင့် ဒေသခံများ ငြိမ်းချမ်းစွာအခြေချနေထိုင်နိုင်စေရန်အတွက် ဆီးရီးယားမြောက်ပိုင်း၌ Euphrates Shield (2016)၊ Olive Branch (2018) နှင့် Peace Spring (2019) အမည်ရှိ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ၃ ခုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသော ကာ့ဒ်စစ်သွေးကြွတပ်ဖွဲ့ (PKK) သည် တူရကီနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ အကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသမီးများ၊ ကလေးများနှင့် မွေးကင်းစ ကလေးများအပါအဝင် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment