Tuesday, May 24, 2022

ဆလိုဗေးနီးယားသမ္မတသည် ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့ခြင်း

     ဆလိုဗေးနီးယားသမ္မတ ဘိုရက်ပါဟော့ရ် (Borut Pahor) သည် လက်ဝဲယိမ်း လွတ်လပ်ရေးလှုပ်ရှားမှုပါတီ (FM) ခေါင်းဆောင် ရော့ဘတ်ဂိုလိုဘ် (Robert Golob) အား ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့ကြောင်း Xinhua သတင်း ဌာနက မေလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရော့ဘတ်ဂိုလိုဘ်အနေဖြင့် လွှတ်တော် အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများလုပ်ဆောင်ပေးသွားနိုင်မည်ဖြစ်ကြောင်း သမ္မတက လွှတ်တော်အမတ်များနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့ပြီး လွှတ်တော် အနေဖြင့်  ဝန်ကြီးချုပ်ရာထူးအတွက်  မဲခွဲဆုံးဖြတ်မှုများကို မေလ ၂၅ ရက်တွင် ပြုလုပ် သွားမည်ဟု ၎င်းကမျှော်မှန်းထားလျက်ရှိပါသည်။ ထို့ပြင် ရော့ဘတ်ဂိုလိုဘ် အနေဖြင့် ၎င်း၏အစိုးရအဖွဲ့အား လာမည့် ဇွန်လ ၃ ရက်တွင် အတည်ပြုပေးရန် လွှတ်တော် အမတ်များအား တောင်းဆိုရန် စီစဉ်ထားလျက်ရှိကြောင်း သိရှိပါသည်။

No comments:

Post a Comment