တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် ဘုံသဘောတူညီမှုများ ရရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Pakobserver. net သတင်းဌာနက မေလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် မိတ်ဖက် ဆက်ဆံရေးထိခိုက်ခဲ့မှုများကို ပြန်လည်ကောင်းမွန်ရန်အတွက် နှစ်နိုင်ငံဘုံအကျိုးစီးပွား ဖြစ်ထွန်းစေမှုများနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့အား အရှိန်မြှင့်တင်ဆောင်ရွက် သွားရန် ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံမှ ပြန်လည်ထွက်ခွာ လာစဉ် လေယာဉ်ပေါ်၌ အာဒိုဂန်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ထို့ပြင် အာဒိုဂန်သည် ၎င်းခရီးစဉ်အတွင်း၌ ဆော်ဒီဘုရင်အပါအဝင် ဆော်ဒီအိမ်ရှေ့ မင်းသားတို့နှင့်တွေ့ဆုံ၍ နိုင်ငံတကာအရေးကိစ္စများ၊ ဒေသတွင်းအရေးကိစ္စများနှင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment