Thursday, May 26, 2022

တူရကီသမ္မတသည် ယူအေအီးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်မှုအား ဆွေးနွေးခဲ့ခြင်း

 

Eurasiareview; May-29(Sun)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် မေလ ၂၈ ရက်တွင် မြို့တော် အစ္စတန်ဘူလ် (Istanbul) ၌ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာဘင်ဇာရပ် (Sheikh Abdullah bin Zayed) အား လက်ခံတွေ့ဆုံခဲ့ကြောင်း တူရကီနိုင်ငံပိုင် WAN သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မည့် အလားအလာများအပါအဝင် ဒေသတွင်းကိစ္စရပ် များနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ခြင်း၏ အရေးပါမှုများအား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ယူကရိန်းပဋိပက္ခနှင့် ကမ္ဘာလုံး ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးမှုအတွင်း ယူအေအီးနိုင်ငံခြားရေးဝန်ကြီးသည် ယူအေအီး-တူရကီ ဆက်ဆံရေး (Emirati-Turkish relations) ခိုင်မာလာပြီး တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် နှစ်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် မိတ်ဖက်ဆက်ဆံရေး (win-win partnership) ကို ထူထောင်ရန်လိုအပ် ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် နှစ်နိုင်ငံ၏ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ဆက်လက် ပြောကြားခဲ့ပါသည်။ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးသည် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းများနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်မှုအလားအလာ များအား ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment