Wednesday, June 1, 2022

ဆားဘီးယားနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သူ အလက်ဇန်းဒါးဘူစစ်သည် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက်ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း

 

    ဆားဘီးယားနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သူ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အတွက် မေလ ၃၁ ရက်တွင် အမျိုးသားလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အလက်ဇန်းဒါးဘူစစ်သည် ဧပြီလ ၃ ရက်ကပြုလုပ်ခဲ့သည့် ဆားဘီးယားသမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၈.၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီးနောက် သမ္မတအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်နှင့် ဆားဘီးယား အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဟု ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနား၌ အလက်ဇန်းဒါးဘူစစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment