Thursday, June 2, 2022

ရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသတစ်လျှောက်တွင်နယ်စပ်တံတိုင်းကာရံမှုအား တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း

 

    ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသတစ်လျှောက်တွင် သံမဏိချောင်းများဖြင့်တည်ဆောက်သည့် နယ်စပ်တံတိုင်းကာရံမှုအား တိုးမြှင့်ဆောင်ရွက် သွားရန်စီစဉ်လျက်ရှိကြောင်းနှင့် အဆိုပါအစီအစဉ်အတွက် ဥရောပသမဂ္ဂ (EU) ထံမှ ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဂရိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး နော့တစ်မီတာရာချီ (Notis Mitarachi) က ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ နယ်စပ်တံတိုင်းကာရံမှုအား ၄၀ ကီလိုမီတာမှ ၁၂၀ ကီလိုမီတာ အထိတိုးချဲ့မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရ ပါသည်။

No comments:

Post a Comment