တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Dailysabah သတင်းဌာနက ဇွန်လ ၂ ရက် တွင်ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့၌ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် (Shehbaz Sharif) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အာဒိုဂန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံအမျိုးသားအကျိုးစီးပွားဆိုင်ရာ အရေးကိစ္စများတွင် အပြန်အလှန်ရပ်တည်ခဲ့ကြကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း တူရကီဘက်မှ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ရှာရစ်ဖ်က ပြန်လည်ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment