Thursday, June 9, 2022

တူရကီစစ်ဘက်နှင့်ဆီးရီးယားလက်နက်ကိုင် အဖွဲ့များသည် ဆီးရီးယားနိုင်ငံအပေါ် စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်သွားမည်ဆိုခြင်း

 

    တူရကီစစ်ဘက်နှင့် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားလက်နက်ကိုင် အဖွဲ့များသည် ဆီးရီးယားနိုင်ငံအပေါ် စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်ရန် အပြီးသတ် ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်၍ ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ စတင် တိုက်ခိုက်ရန် တူရကီအစိုးရ၏အမိန့်ကို စောင့်ဆိုင်းလျက်ရှိကြောင်း Sabah သတင်း ဌာနက ဇွန်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်သည် ဆီးရီးယား နိုင်ငံ၏ ရီဖတ် (Rifaat) နှင့် မန်ဘစ် (Manbij) မြို့များအနီးမှ ညအချိန်များတွင် အမြောက်များဖြင့်ပစ်ခတ်၍ စစ်ရေးအသင့်ရှိမှုကို ပြသလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ တူရကီနိုင်ငံသည် ငြိမ်းချမ်းရေးနွေဦး (Peace Spring) စစ်ဆင်ရေးကြောင့် ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် လုံခြုံရေးဇုန်ကို ကီလိုမီတာ ၃၀ အထိ ချဲ့ထွင်သွားရန် လိုလားလျက်ရှိကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment