Wednesday, July 6, 2022

လစ်သူရေးနီးယားနိုင်ငံသည် Bayraktar တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် တစ်စင်းကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်း

     လစ်သူရေးနီးယားနိုင်ငံသည် Bayraktar တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် တစ်စင်းကို ယူကရိန်းနိုင်ငံသို့ ဇူလိုင်လ ၆ ရက်တွင် လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒက်စ်အန်နျူဆော့စ်ကက်စ် (Aruydas Anusauskas) က ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်ကို လစ်သူရေးနီးယားနိုင်ငံရှိ Siauliai လေတပ်အခြေစိုက် စခန်းမှတစ်ဆင့် ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း တွစ်တာ၌ ရေးသား ဖော်ပြခဲ့ပါသည်။ တူရကီအခြေစိုက် Baykar Makina ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီသည် ၎င်းမောင်းသူမဲ့လေယာဉ်ကို ယူကရိန်းနိုင်ငံအားထောက်ပံ့ရန် လစ်သူရေးနီးယား နိုင်ငံသို့ ဇွန်လ ၂ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment