တူကီယဲ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့မှ ပေးအပ်ထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကတိကဝတ်များတိုးတက်မှု ရှိ/မရှိနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် လာမည့် ဩဂုတ်လတွင် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တူကီယဲ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အနေဖြင့် ၎င်းတို့ပေးအပ် ထားသည့် ကတိကဝတ်များအား လိုက်နာဆောင်ရွက်မှုမရှိပါက NATO အဖွဲ့ဝင်အဖြစ် လက်ခံရေးနှင့်ပတ်သက်၍ တူကီယဲလွှတ်တော်အနေဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်ခံသွားမည့် အစီအစဉ် များကို ဇူလိုင်လအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment