Bangkokpost; Jul-12(Tue)
ယူကရိန်းဂျုံများအား ပင်လယ်နက်ကိုဖြတ်၍
တင်ပို့မှုပြန်လည်စတင်နိုင်ရေး ဆွေးနွေးရန်အတွက်
ရုရှား၊ ယူကရိန်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့များအကြား ဇူလိုင်လ ၁၃ ရက်တွင် ပြုလုပ်မည့်ဆွေးနွေးပွဲကို
တူကီယဲနိုင်ငံက အစ္စတန်ဘူလ် (Istanbul) မြို့၌ အိမ်ရှင်အဖြစ်
လက်ခံကျင်းပမည်ဖြစ်ကြောင်း Bangkok post သတင်းဌာနက ဇူလိုင်လ ၁၂
ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း ၃ နိုင်ငံမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂအဖွဲ့တို့ပါဝင်မည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်းစားသောက်ကုန်
ဈေးနှုန်းများ မြင့်တက်လာချိန်တွင် အထက်ပါကဲ့သို့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ ထွက်ပေါ်
လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။
ယူကရိန်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျုံနှင့်
အခြားသောစပါးများတင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယူကရိန်း၏
ပင်လယ်နက်ကိုဖြတ်ကျော်၍ တင်ပို့မှုများအား ရုရှားစစ်သင်္ဘောများနှင့်
ရေမြှုပ်မိုင်းကွင်း များက ပိတ်ဆို့လျက်ရှိသဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါသည်။
ထို့ကြောင့် NATO အဖွဲ့ဝင်ဖြစ်၍ နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းမွန်သည့် တူကီယဲနိုင်ငံအနေဖြင့် ယူကရိန်း၏ ဂျုံတင်ပို့မှုများ ပြန်လည်စတင်နိုင်ရေးကြိုးပမ်းမှု
များကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းနိုင်ငံထုတ်ဂျုံများကို တင်ဆောင်ထား သည့် ကုန်တင်သင်္ဘောအစီး ၂၀ သည် ပင်လယ်နက်အတွင်း စောင့်ဆိုင်းလျက်ရှိကြောင်း
တူကီယဲတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း တူကီယဲ၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးဌာနများမှ
ကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့သည် ယူကရိန်းဆိပ်ကမ်းတွင်
စောင့်ဆိုင်းနေသည့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့မည့် ဂျုံတင်သင်္ဘောများအား လုံခြုံစွာတင်ပို့နိုင်ရေး
အတွက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment