Friday, July 15, 2022

ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် BRICS အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်းလာနိုင်ဖွယ်ရှိခြင်း

ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်းလာနိုင်ဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဇူလိုင်လ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းတို့ ၃ နိုင်ငံသည် BRICS အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဝင်စား လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း BRICS အဖွဲ့၏ နိုင်ငံတကာဖိုရမ်အကြီးအကဲ ပါနီအန်နဒ် (Purnima Anand) က ပြောကြားခဲ့ ပါသည်။ BRICS အဖွဲ့သို့ဝင်ရောက်မည့် အဖွဲ့ဝင်နိုင်ငံသစ်များသည် အလွန်များပြား လာလျက်ရှိကြောင်းနှင့် BRICS အဖွဲ့ထိပ်သီးဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်တွင် ထပ်မံ ကျင်းပသွားမည်ဖြစ်ကြောင်း ပါနီအန်နဒ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment