Saturday, August 20, 2022

တူကီယဲ၊ ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်ဆွေးနွေးမှုကို ဩဂုတ်လ ၂၆ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ခြင်း

 

    တူကီယဲ၊ ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်ဆွေးနွေးမှုကို ဩဂုတ်လ ၂၆ ရက်တွင် ဖင်လန်နိုင်ငံ၌ပြုလုပ်မည်ဟု ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပီကာ ဟာဗစ်စ်စတို (Pekka Haavisto) က ပြောကြားခဲ့ကြောင်း Hurriyetdailynews သတင်း ဝဘ်ဆိုက်က ဩဂုတ်လ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌  တူကီယဲ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အိုင်ဘရာဟင်ကလမ် (Ibrahim Kalm) နှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဒတ်အိုနယ်လ် (Sedat Onal) တို့က သဘာပတိအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့ပြင် တူကီယဲတရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားထောက်လှမ်းရေး အဖွဲ့အစည်းတို့မှ သက်ဆိုင်ရာကိုယ်စားလှယ်များလည်း တက်ရောက်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲ၌ ၎င်း ၃ နိုင်ငံအကြား ဇွန်လ ၂၈ ရက်က လက်မှတ်ရေးထိုးထားရှိသည့် နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment