Friday, August 26, 2022

ရိုမေးနီးယားနိုင်ငံသည် ယူကရိန်းဒုက္ခသည်များအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၆၃.၉ သန်း သုံးစွဲခဲ့ခြင်း

ရိုမေးနီးယားနိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့ချိန်မှစ၍ ၎င်းတို့ လက်ခံထားသည့် ယူကရိန်းဒုက္ခသည်များအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၆၃.၉ သန်း သုံးစွဲခဲ့ကြောင်း ရိုမေးနီးယားပြည်ထဲရေးဝန်ကြီး လူစီယန်ဘုတ် (Lucian Bode) က ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါအသုံးစရိတ် အများစုကို နိုင်ငံ့အရေးပေါ်ရန်ပုံငွေများအနက်မှ ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ရိုမေးနီးယားအာဏာပိုင်များသည် အဆိုပါဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လုံလောက်မှုရှိစေရေး ရန်ပုံငွေအဖြစ် ဥရောပသမဂ္ဂထံမှ ယူရို ၃၉.၁ သန်း ပြန်လည်ရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment