Monday, September 5, 2022

ပိုလန်ဝန်ကြီးချုပ် သည် ယူကရိန်းအရေးအပါအဝင် ပိုလန်၌ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ရန်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) သည် ယူကရိန်းအရေးအပါအဝင် ပိုလန်၌ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ရန် အမေရိကန်မှ အကူအညီပေးအပ်ရေးတို့အား တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း TASS သတင်းဌာနက စက်တင်ဘာလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် ပိုလန်နိုင်ငံ၏ ယူကရိန်းဒုက္ခသည် သန်းပေါင်းများစွာကို လက်ခံထားရှိ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးအပ်နေမှုအပေါ် အသိအမှတ်ပြုကြောင်း ဟားရစ်က ဆွေးနွေးမှုအတွင်း ပြောကြား ခဲ့ပါသည်။ ပိုလန်၌ အမေရိကန်အမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိရေး၊ စုပေါင်းလုံခြုံရေး စနစ်တိုးမြှင့်ရေးနှင့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးတို့ကို မြှင့်တင်သွားရန် ဟားရစ်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment