Sputnik; Sep-8(Thu)
တူကီယဲနှင့် ရုရှားဗဟိုဘဏ်တို့သည် နိုင်ငံ၏အရန်ငွေကို အမျိုးမျိုးထားရှိနိုင်ရေး ကြိုးပမ်းမှုအနေဖြင့် နှစ်နိုင်ငံသုံးငွေကြေးများကို အပြန်အလှန်လဲလှယ်သွားမည့် သဘော တူညီချက်များအား လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်ဟု တူကီယဲစီးပွားရေးပညာရှင် ဆာဟတ်လာတစ်ဖော့ဂ်လူ (Serhat Latifoglu) က စက်တင်ဘာလ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်း အရေးနှင့်စပ်လျဉ်း၍ အမေရိကန်ဦးဆောင်သည့်အနောက်နိုင်ငံ များသည် ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အပြင် အမေရိကန်အစိုးရသည် ရုရှားကို အမေရိကန်ဒေါ်လာအသုံးပြုခွင့် ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ မဟာမိတ်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား တခြားငွေကြေးများကို အစားထိုးအသုံးပြုရန် ကြိုးပမ်းလုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိ ရပါသည်။ ထို့ပြင် ရုရှားနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတို့တွင် မဟာဗျူဟာမြောက် ဆက်ဆံရေးများရှိသော တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် ရုရှားနှင့်ပြုလုပ်သည့် ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များအတွက် ငွေပေးချေရာတွင် နိုင်ငံအလိုက်ငွေကြေးများကိုအသုံးပြုရန် သဘောတူညီခဲ့ကြသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင်လည်း တူကီယဲဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့သည် နိုင်ငံအလိုက်ငွေကြေးများကို ပံ့ပိုးကူညီနိုင်ရေးအတွက် လဲလှယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလာနိုင်ကြောင်း တူကီယဲနိုင်ငံ၏စီးပွားရေး ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် နှစ်နိုင်ငံ၏ ဗဟိုဘဏ်များအနေဖြင့် ၎င်းတို့၏နိုင်ငံအလိုက်ငွေကြေးများကို အပြန်အလှန်ကိုင်ဆောင် ထားမည်ဆိုပါက နှစ်နိုင်ငံ၏ ကုန်သွယ်မှုများ အားကောင်းလာနိုင်ကြောင်းလည်း ပြောကြား ထားပါသည်။ ထို့ကြောင့် တူကီယဲအစိုးရအနေဖြင့် အထက်ပါအစီအစဉ်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်လာရနိုင်ပါသည်။ သို့ဖြစ်ပါ၍ လာမည့်ကာလများတွင် NATO အဖွဲ့ဝင်နိုင်ငံများ အကြား သဘောထားကွဲလွဲမှုများ ရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment