Sunday, September 11, 2022

အယ်လ်ဘေးနီးယားအစိုးရဝဘ်ဆိုက်များကို အီရန်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ခြင်း

အယ်လ်ဘေးနီးယားအစိုးရဝဘ်ဆိုက်များကို အီရန်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း အယ်လ်ဘေးနီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်ဟု AP သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စုပေါင်းသတင်းအချက်အလက်စီမံခန့်ခွဲရေးစနစ် (Total Information Management System-TIMS) အပါအဝင် စနစ်အားလုံး ယာယီပိတ်သိမ်းခဲ့ရကြောင်းလည်း ၎င်းဝန်ကြီးဌာနက ထည့်သွင်းပြောကြားထားပါသည်။ ၎င်းဆိုက်ဘာတိုက်ခိုက်မှုသည် အီရန်နှင့် သံတမန်ဆက်ဆံရေးရပ်စဲကြောင်း အယ်လ်ဘေးနီးယားနိုင်ငံက ကြေညာခဲ့ ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment