Wednesday, September 28, 2022

၂၀၂၃ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အား ပိုမိုတိုးမြှင့်အသုံးပြုသွားမည်ဖြစ် ကြောင်း အာမေးနီးယားအစိုးရက ကြေညာခဲ့ခြင်း


Eurasianet;Sep-29(Thu)

အာမေးနီးယားအစိုးရက လာမည့် ၂၀၂၃ ခုနှစ်တွင် ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံအထိ တိုးမြှင့်သုံးစွဲမည်ဟု ကြေညာ ခဲ့ကြောင်း Eurasianet သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် နာဂေါ်နို- ကာရာဘတ် (Nagorno-Karabakh) ဒေသ တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ ကာကွယ်ရေးအသုံးစရိတ်အား ပိုမိုတိုးမြှင့်သုံးစွဲသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အာမေးနီးယားအစိုးရက ပြောကြားထားပါသည်။ အာမေးနီးယား အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံ၏ ၂၀၂၃ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အား ၂၀၂၂ ခုနှစ်ထက် ၄၇ ရာခိုင်နှုန်းခန့် ပိုမိုတိုးမြှင့်သုံးစွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် အာမေးနီးယားအစိုးရသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိ တိုးမြှင့်သုံးစွဲသွားရန်လည်း စီစဉ်လျက်ရှိကြောင်း အထက်ပါသတင်းဌာနက ဖော်ပြထားပါသည်။ အာမေးနီးယား အစိုးရသည် ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၆၆၉ သန်း၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇၈ သန်းနှင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅၄ သန်း အသုံးပြုခဲ့ပါသည်။ GDP အပေါ်တွင်အခြေခံပြီး နှိုင်းယှဉ် ကြည့်ပါက အာမေးနီးယားနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်အများဆုံးအသုံးပြုသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment