China.org; Oct-24 (Mon)
ဆလိုဗေးနီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် သမ္မတ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ရွေးကောက်ခံကိုယ်စားလှယ်များသည် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် သတ်မှတ်မဲအရေအတွက်မရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ကြောင့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့အား နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ မဲရုံများကို ဒေသစံတော်ချိန် နံနက် ၇ နာရီမှ ၅ နာရီထိ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံသား ၆၈,၀၀၀ ဦးကျော် လာရောက်မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အတိုက်အခံဗဟိုလက်ယာယိမ်း ဆလိုဗေးနီးယန်းဒီမိုကရက်တစ် ပါတီ (Slovenian Democratic Party) ၏ လွှတ်တော်အမတ်ဖြစ်သူ ကိုယ်စားလှယ်လောင်း အန်ဇီလိုဂါ (Anze Logar) နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းရှေ့နေ နာတာဆာ ပီရစ်မူဆာ (Natasa Pirc Musar) တို့သည် ဒုတိယအကျော့ရွေးကောက်ပွဲတွင်လည်း ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲပထမအကျော့တွင် လာရောက်မဲပေးသူ ၅၁ ရာခိုင်နှုန်းခန့်ရှိခဲ့ရာ အန်ဇီလိုဂါသည် ထောက်ခံမဲ ၃၃.၉ ရာခိုင်နှုန်းရရှိခဲ့ပြီး နာတာဆာပီရစ်မူဆာသည် ထောက်ခံမဲ ၂၆.၉ ရာခိုင်နှုန်းရရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က မဲအားလုံး၏ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးနောက် ထုတ်ပြန်ခဲ့ပါသည်။ ကျန်မဲများကို အခြားသော ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၅ ဦးက ရရှိခဲ့ခြင်းဖြစ်ပါသည်။ ပဏာမ ရလဒ်များထုတ်ပြန်ပြီးနောက် မူဆာသည် ဒုတိယအကျော့တွင် အနိုင်ရမည်ဟု မျှော်လင့် ကြောင်း ၀န်ကြီးချုပ် ရော့စ်ဘက်ဂိုလက် (Robert Golob) က TV Slovenia သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ ဆလိုဗေးနီးယားသမ္မတသည် နိုင်ငံရေးအာဏာများစွာ မရှိလှသော်လည်း စစ်ဘက်အကြီးအကဲအဖြစ်ထမ်းရွက်ရပြီး ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အပါအဝင် အဆင့်မြင့်အရာရှိအများအပြားကို အမည်စာရင်းတင်သွင်းရသော အခွင့် အာဏာရှိသူဖြစ်ပါသည်။ သမ္မတ၏အဆိုတင်သွင်းမှုအများစုကို လွှတ်တော်က အတည်ပြု ရမည်ဖြစ်ပါသည်။ သမ္မတသစ်သည် လက်ရှိသမ္မတ ဘိုရက်ပါဟော့ရ် (Borut Pahor) ၏ တာဝန်များကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် စတင်ထမ်းဆောင်ရန် စီစဉ်ထား ကြောင်း သိရှိရပါသည်။
No comments:
Post a Comment