Wednesday, October 12, 2022
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးသည် ငြိမ်းချမ်းရေး နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်အတွက် ရုရှားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် ငြိမ်းချမ်းရေး နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်အတွက် အောက်တိုဘာလ ၁၃ ရက်တွင် ရုရှားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဝန်ကြီး ပီတာဆီဂျာတိုအနေဖြင့် ရုရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်သွားမည့် Russian Energy Week အစည်းအဝေးတွင်လည်း ပါဝင်တက်ရောက် သွားမည်ဖြစ်ပါသည်။ ထို့ပြင် ဝန်ကြီး ပီတာဆီဂျာတိုသည် လာမည့်ဆောင်းရာသီတွင် စွမ်းအင်ပြတ်လပ်နိုင်မှုအပေါ် ကာကွယ်နိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေး မှုများ ပြုလုပ်သွားရန်အတွက် ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် နျူကလီးယား စွမ်းအင်ကုမ္ပဏီ Rosatom တို့၏ ကိုယ်စားလှယ်များအပါအဝင် စွမ်းအင်မူဝါဒဆိုင်ရာ ရုရှားအစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment