Trtworld; Nov-2(Wed)
တူကီယဲလွှတ်တော်သည် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်အတွင်း ၄၄ ရက်ကြာဖြစ်ပွားခဲ့သော နာဂေါ်နို-ကာရာဘတ်ပဋိပက္ခတွင် အဇာဘိုင်ဂျန်သို့ တူကီယဲတပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားမှုအား တစ်နှစ်သက်တမ်းတိုးခဲ့ ကြောင်း Trtworld သတင်းဌာနက နိုဝင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာမေးနီးယား- အဇာဘိုင်ဂျန် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလိုက်နာရန်၊ စာချုပ်ပါအချက် အလက်များချိုးဖောက်မှုကို တားဆီးရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်အတွက် အဆိုပါသက်တမ်းတိုးသွားမည့် အဆိုပြုချက်အား နိုဝင်ဘာလ ၁၇ ရက်တွင် စတင်သွားမည်ဖြစ်ပြီး တူကီယဲနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ပါသည်။
တူကီယဲနှင့် ရုရှားနိုင်ငံတို့ တည်ထောင်ထားသောပူးတွဲစင်တာတွင် တူကီယဲ စစ်ဘက်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားခြင်းသည် တူကီယဲနိုင်ငံ၏ဒေသတွင်းအကျိုးစီးပွား အတွက် အပြုသဘောဆောင်သော လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အာမေးနီးယား-အဇာဘိုင်ဂျန်နှင့် ရုရှားနိုင်ငံတို့ သုံးနိုင်ငံလက်မှတ် ရေးထိုးခဲ့သော အာမေးနီးယား-အဇာဘိုင်ဂျန်ပဋိပက္ခအဆုံးသတ်စေရေး သဘောတူညီချက် အရ တူကီယဲနိုင်ငံအနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန်၏ ပိုင်နက်နယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသော ကာရာဘတ်ဒေသကို အာမေးနီးယား စစ်ဘက်က သိမ်းပိုက်လိုက်သည့် ၁၉၉၁ ခုနှစ်မှစတင်၍ အာမေးနီးယား- အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာလာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment