Sunday, November 20, 2022

ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို အဓိကထားဆွေးနွေးသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်း

ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို အဓိကထားဆွေးနွေးသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) နှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့သည် လက်ရှိဖြစ်ပွားလျက်ရှိသော ပဋိပက္ခ များကို တားဆီးရန်အတွက် အဓိကထားဆွေးနွေးခဲ့ကြသည်ဟု ဘော်ရယ်လ်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုအတွင်းရှိ ဆားဘီးယားအာဏာပိုင်များက မော်တော်ယာဉ် လိုင်စင်နံပါတ်ပြားအဟောင်းများအား ပြန်လည်အစားထိုးသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာမှတစ်ဆင့် ကိုဆိုဗိုအတွင်းရှိ ဗဟိုနှင့် ဒေသတွင်း အဖွဲ့အစည်းမှ ဆာ့ဘ်လူမျိုးများအားလုံး နုတ်ထွက်သွားချိန်မှစတင်ကာ ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား တင်းမာမှုများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment