ဘူလ်ဂေးရီးယားအစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျာမနီသင်္ဘောတည်ဆောက်ရေး ကုမ္ပဏီ Lürssen ထံမှ မှာယူခဲ့သော ကင်းလှည့်သင်္ဘောသစ်များတွင် တပ်ဆင်ရန် အတွက် ၃၂၄ မီလီမီတာ သင်္ဘောဖျက်တော်ပီဒိုများ ဝယ်ယူရန်အတွက် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်စီမံကိန်းတစ်ရပ်ကို သဘောတူညီခဲ့ကြောင်း Sofiaglobe သတင်းဌာနက နိုဝင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းကင်းလှည့်သင်္ဘောများကို ဘူလ်ဂေးရီးယား နိုင်ငံ၊ ပင်လယ်နက်မြို့ဖြစ်သည့် ဗာနာ (Varna) တွင် တည်ဆောက်လျက်ရှိပြီး ပထမဆုံး သင်္ဘောကို ၂၀၂၅ ခုနှစ်တွင် လက်ခံရရှိနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် ဘူလ်ဂေးရီးယား အစိုးရသည် အဆိုပါကင်းလှည့်သင်္ဘောများတွင် တပ်ဆင်မည့် သင်္ဘောဖျက်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်များကိုဝယ်ယူရန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် သဘောတူညီခဲ့ပြီး ၎င်းလက်နက်များသည် ဘူလ်ဂေးရီးယားငွေကြေး လီဗာ ၁ ဘီလီယံမှ ၁.၅ ဘီလီယံကြား ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment