Anadolu Agency;Dec-15(Thu)
ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic ) သည် ဆားဘီးယား- ဥရောပသမဂ္ဂအထူးသံတမန် မီရိုစလပ်လာဂျက် ( Miroslav Lajcak) နှင့် အမေရိကန် အထူးသံတမန် ဂတ်ဘရီရယ်အက်စ်ကိုဘာ ( Gabriel Escobar) တို့ကို ဆားဘီးယားနိုင်ငံ၊ မြို့တော်ဘယ်ဂရိတ် (Belgrade) ၌ ဒီဇင် ဘာလ ၁၄ ရက်တွင် တွေ့ဆုံကာ ကိုဆိုဗို မြောက်ပိုင်းဒေသအတွင်းတင်းမာမှု အခြေအနေလျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာန ကဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ အတွင်း ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများ၏ ဆန္ဒပြမှုများ ပြုလုပ်ရန် အဓိကလမ်းမကြီးများအား တားဆီးပိတ်ဆို့ထားမှုကို ဖယ်ရှားရန်အတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြ ကြောင်း လာဂျက်က ပြောကြားခဲ့ပါသည်။ ထို့အတူ ကိုဆိုဗိုရှိ ဆာ့ဘ်ပြည်သူများအနေဖြင့် ပိတ်ဆို့တားဆီးမှုများကို ငြိမ်းချမ်းစွာဖယ်ရှားပေးသင့်ကြောင်းနှင့် ကိုဆိုဗိုမြောက်ပိုင်း အတွင်း ဆားဘီးယားတပ်ဖွဲ့ဝင်များ ဝင်ရောက်မှုအပေါ် ပြတ်သားစွာကန့်ကွက်ခဲ့ကြောင်း အက်စ်ကိုဘာက ပြောကြားခဲ့ပါသည်။

ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်လူမျိုးများအနေဖြင့် ဩဂုတ်လ ၁ ရက်မှ စတင်၍ ကိုဆိုဗို မှတ်ပုံတင်ကတ်ပြားနှင့်လိုင်စင်နံပတ်ပြား ပြောင်းလဲအသုံးပြုရမည့် ဥပဒေသစ် အသက်ဝင်မှုမတိုင်မီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြားတင်းမာမှုများ မြင့်တက်လာ ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ဥပဒေကြောင့် ကိုဆိုဗိုအစိုးရနှင့် ဒေသခံအဖွဲ့အစည်း အားလုံးမှ ဆာ့ဘ်လူမျိုးများအား ရာထူးမှနုတ်ထွက်ကြသည်အထိ ဖြစ်ပေါ်စေခဲ့ပါသည်။ ဆာ့ဘ်လူမျိုးကိုယ်စားလှယ်များ ရာထူးမှနုတ်ထွက်ကြမှုကြောင့် ကိုဆိုဗိုမြောက်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ ၄ ခု၌ ဒီဇင်ဘာ ၁၈ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာခဲ့သော်လည်း လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကြောင့် ရွှေ့ဆိုင်းထားပြီး ဧပြီလတွင် ပြန်လည်ကျင်းပသွားမည်ဟု ကိုဆိုဗိုအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဒေသတွင်း တင်းမာမှုများမြင့်တက်လာမှုကြောင့် ဆားဘီးယား တပ်ဖွဲ့ဝင်များတပ်ဖြန့်ချရန် ကိုဆိုဗိုရှိ NATO ဦးဆောင်သော ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်အဖွဲ့ထံ သမ္မတဗူစစ်က တရားဝင် အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ ကိုဆိုဗိုရှိအရာရှိ များသည် သြဂုတ်လ ၁ ရက်မှစတင်ကာ ဆားဘီးယားနိုင်ငံမှ ဝင်ရောက်လာသော ယာဉ်များကို ကိုဆိုဗိုလိုင်စင်ပြားများ အစားထိုးလဲလှယ်ရန်စီစဉ်ခဲ့ပြီး ယခုလုပ်ဆောင်မှုမျိုးကို လွန်ခဲ့သော ၁၁ နှစ်အတွင်း ဆားဘီးယားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ၎င်း၏ ဆာ့ဘ်လူနည်းစုတိုင်းရင်းသားများကို နယ်စပ်ဖြတ်ကျော်သည့်အခါ ဆားဘီးယား နိုင်ငံသားများ၏ သက်သေခံကတ်ပြားများကိုသာ အသုံးပြုမှုအားပိတ်ပင်ရန် စီစဉ်လျက်ရှိ ပါသည်။ ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်များအပါအဝင် နိုင်ငံသားတိုင်းအတွက် ကိုဆိုဗို မှတ်ပုံတင်ကတ်ပြားနှင့် လိုင်စင်နံပါတ်ပြားရှိရန် သြဂုတ်လ ၁ ရက်တွင် စတင် အသက်ဝင်မည့် ကိုဆိုဗိုဥပဒေသစ်မတိုင်မီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားသမ္မတသည် ကိုဆိုဗိုဒေသတွင်း တင်းမားမှုအခြေအနေများလျှော့ချရန် ဒီဇင်ဘာလ ၁၄ ရက်တွင် ဥရောပသမဂ္ဂနှင့် အမေရိကန်အထူးသံတမန်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့မှုအတွင်း ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုး များ၏ ဆန္ဒပြမှုများပြုလုပ်ရန် အဓိကလမ်းမကြီးများ၌ အတားအဆီး ပိတ်ဆို့ရေးများ ပြုလုပ်ထားမှုတို့အား ဖယ်ရှားရန်တို့ကိုလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် အမေရိကန် အထူးသံတမန် ဂတ်ဘရီရယ်အက်စ်ကိုဘာ ( Gabriel Escobar) သည် ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းစွာဖယ်ရှားပေးသင့်ကြောင်းနှင့် ကိုဆိုဗိုမြောက်ပိုင်းအတွင်း ဆားဘီးယားတပ်ဖွဲ့ဝင်များဝင်ရောက်မှုအပေါ် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဆားဘီးယားနိုင်ငံ တို့အကြား လက်ရှိဖြစ်ပေါ်နေ သည့် ဆားဘီးယား-ကိုဆိုဗို ပဋိပက္ခများချုပ်ငြိမ်းနိုင် စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသော်လည်း ရလဒ်ကောင်းများ ရရှိသေးခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် နှစ်ဖက်အကြား ပဋိပက္ခများများ ဖြေလျော့ လာနိုင်စေရေးအတွက် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment