Monday, December 19, 2022

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စွမ်းအင်အကျပ်အတည်းအားဖြေလျှော့ရန် စွမ်းအင်ဈေးနှုန်းကန့်သတ်ချက်အား သဘောတူညီခဲ့ကြခြင်း

Aljazeera;Dec-19(Mon)

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများသည် စွမ်းအင်အကျပ်အတည်း အားဖြေလျှော့နိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရက်သတ္တပတ်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စွမ်းအင်ဈေးနှုန်းကန့်သတ်ချက် အား သဘောတူညီခဲ့ကြကြောင်း ဥရောပကောင်စီအလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံက ပြောကြားခဲ့ပါသည်။ အဆိုပါဈေးနှုန်းကန့်သတ်ချက်သည် ရုရှားနိုင်ငံမှ ဥရောပသို့ ဓာတ်ငွေ့တင်ပို့မှုများ ဖြတ်တောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသော စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုအဆမတန်မြင့်တက်လာခြင်းတို့ကို လျှော့ချနိုင်ရန် ဥရောပသမဂ္ဂ၏ နောက်ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်ပါသည်။ ဝန်ကြီးများသည် ဥရောပစံချိန်စံညွှန်း အဖြစ်ကျင့်သုံးသည့် Dutch Title Transfer Facility (TFF) ကုန်သွယ်မှုဗဟိုချက်၏ စာချုပ်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်၍ ၃ ရက်တာအတွက် လျှပ်စစ်ဓာတ်အား ၁ မဂ္ဂါဝပ်နာရီလျှင် ယူရို ၁၈၀ (အမေရိကန်ဒေါ်လာ ၁၉၁ ဒေါ်လာ) ထက် ကျော်လွန်ရောင်းချပါက ဈေးနှုန်းကန့်သတ်သွားရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။

အဆိုပါဈေးနှုန်းကန့်သတ်ချက်သည် လက်ရှိ သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း အပေါ်အခြေခံ၍ ရည်ညွှန်းအဆင့်ထက် ၃၅ ယူရိုထက်ပိုသောဈေးနှုန်းဖြင့် အရောင်း အဝယ်ပြုလုပ်ခြင်းကို တားဆီးနိုင်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂတာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့ပါသည်။ ၎င်းဆုံးဖြတ်ချက်သည် လက်ရှိဈေးကွက်ပေါက်ဈေးသတ်မှတ်ချက် အားချိုးဖောက်ခြင်းနှင့် ဈေးကွက်လုပ်ငန်းစဉ်များအပေါ် ထိပါးနှောင့်ယှက်ခြင်းဖြစ် သည့်အတွက် လက်ခံနိုင်ဖွယ်ရာကိစ္စရပ်မဟုတ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် (၉)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ အသုံးပြုသည့် လောင်စာဆီပြတ်လပ်မှုများကို ရှောင်ရှားရန် စွမ်းအင်ချွေတာရေးဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment