ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းနိုင်ငံအတွက် ယူရို ၁၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံ) တန်ဖိုးရှိ အကူအညီပေးရေးအစီအစဉ်တစ်ရပ်ကို ဒီဇင်ဘာလ ၁၅ ရက်တွင် အတည်ပြုခဲ့ကြောင်း The National News သတင်းဌာနက ဒီဇင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။
ယူကရိန်းနိုင်ငံအား ကျောထောက်နောက်ခံပြုသည့် နိုင်ငံပေါင်း ၂၇ နိုင်ငံအနေဖြင့် ၎င်းနိုင်ငံအား အကူအညီပေးရန် သမ္မတ ဇီလန်စကီးက အပြင်းအထန်တောင်းဆိုခဲ့ပြီးနောက်ပိုင်း၌ အထက်ပါအကူအညီပေးရေးအစီအစဉ် ထွက်ပေါ် လာခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် လိုအပ်လျက်ရှိသောရန်ပုံငွေများကိုလည်း ယူကရိန်းအစိုးရအား လာမည့် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment