Saturday, December 10, 2022

ကိုဆိုဗိုမြောက်ပိုင်း၌ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားနိုင်ရေး KFOR အကြီးအကဲထံ တောင်းဆိုသွားမည်ဟု ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း

Aljazeera;Dec-11(Sun)

ကိုဆိုဗိုမြောက်ပိုင်း၌ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချ ထားခွင့်ပြုရန် KFOR အမည်ရှိ NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့ထံ တောင်းဆိုသွား မည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) က ဒီဇင်ဘာလ ၁၀ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။ ဆားဘီးယား နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ်(၁၂၄၄)အရ ကိုဆိုဗိုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးအထိ တပ်ဖြန့်ချထားခွင့်ရှိပြီး ၎င်းဆုံးဖြတ်ချက်နှင့်အညီ ကိုဆိုဗိုနှင့် မက်တိုဟီဂျာ (Metohija) တို့တွင် အထက်ပါအတိုင်း တပ်ဖြန့်ချထားခွင့်ပြုရန် KFOR အကြီးအကဲထံသို့ ဒီဇင်ဘာလ ၁၂ ရက်၊ သို့မဟုတ် ၁၃ ရက်တွင် တောင်းဆိုလွှာပေးပို့ သွားမည်ဖြစ်ကြောင်းလည်း သမ္မတ ဗူစစ်က ထည့်သွင်းပြောကြားခဲ့ပါသည်။

ကိုဆိုဗိုမြောက်ပိုင်းရှိ မြို့များ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့များ အပေါ် တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကိုဆိုဗိုအာဏာပိုင်များက ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့ပြီးနောက် သမ္မတ ဗူစစ်၏ အထက်ပါပြောဆိုချက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပါသည်။ ဆားဘီးယားသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ်(၁၂၄၄)အရ အထက်ပါအတိုင်း ကိုဆိုဗို၌ တပ်ဖြန့်ချထားရေးကို ပထမဆုံးကြိမ်အဖြစ် တောင်းဆိုရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါတောင်းဆိုမှုကို KFOR တပ်မှူးက ခွင့်ပြုပေးမည်ဆိုပါက ဆားဘီးယားသည် အော်သိုဒေါ့စ်ခရစ်ယာန်ဘာသာရေးနေရာများ၊ ဆာ့ဘ်လူများစုနှင့် နယ်စပ်ဖြတ်ကျော်ရာနေရာများတွင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်အရာရှိ ၁,၀၀၀ ဦး အထိ တပ်ဖြန့်ချထားနိုင်မည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (lbin Kurti) က သမ္မတ ဗူစစ်၏ လုပ်ဆောင်နေမှုများသည် ရန်လို သည့်လုပ်ရပ်ဖြစ်ပြီး ယင်းကဲ့သို့သော ရန်လိုမှုများကို တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment