Tuesday, January 3, 2023

ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့သည် ဖေဖော်ဝါရီလတွင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်အား ကျင်းပပြုလုပ်သွားမည်ဆိုခြင်း

Malaymail; Jan-3 (Tue)

ယူကရိန်းနှင့် ဥရောပသမဂ္ဂ (European Union-EU) တို့သည် ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာအကူအညီများပေးအပ်ရေးနှင့်ပတ်သက်သည့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ် (Kyiv) ၌ ကျင်းပပြုလုပ် သွားမည်ဟု ယူကရိန်းသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ကြောင်း Malaymail သတင်းဌာနက ဇန်နဝါရီလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် (Ursula Vonder Leyen) တို့သည် အဆိုပါထိပ်သီးဆွေးနွေးပွဲကျင်းပရေးနှင့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရေးတို့နှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်းလည်း ယူကရိန်းသမ္မတရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ယူကရိန်းသို့ ဘဏ္ဍာ‌ရေးဆိုင်ရာကူညီထောက်ပံ့ပေးမှု အစီအစဉ်အဖြစ် ယူရို ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ) နှင့် စစ်လက်နက် ပစ္စည်းများထောက်ပံ့ပေးရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းလည်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဥရောပသမဂ္ဂသည် ကမ္ဘာလုံးဆိုင်ရာအခွန်နှုန်းထားကို အနည်းဆုံးပမာဏ ၁၅ ရာခိုင်နှုန်းသာသတ်မှတ်ခြင်းဖြင့် ယူကရိန်းသို့ကူညီထောက်ပံ့ ပေးရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ သဘောတူညီခဲ့ပါသည်။ ယူကရိန်းနိုင်ငံအပေါ် ကျောထောက်နောက်ခံပေးမှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများမဖြစ်ကြရန် သမ္မတ ဇီလန်စကီးက တောင်းဆိုမှုပြုလုပ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂက အထက်ပါအတိုင်း သဘောတူညီမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment