ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ ဂျာမနီနိုင်ငံထုတ် Leopard အမျိုးအစား တင့်ကားများ ပေးပို့သွားမည်ဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ သမ္မတ ဒူဒါအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်တွင် ယူကရိန်းနိုင်ငံ၊ လိဗ် (Lviv) မြို့၌ လစ်သူရေးနီးယားအပါအဝင် ယူကရိန်းသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ် ခဲ့သည့် Lublin Triangle မူဘောင်အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် သမ္မတ ၃ ဦးအနေဖြင့် ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် ခိုင်မာအားကောင်းစေရန် စစ်ရေးထောက်ပံ့ကူညီမှုများအပါအဝင် ၃ နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်းကိုလည်း ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment