Thursday, January 19, 2023

မော်လ်ဒိုဗာနိုင်ငံသည် NATO အဖွဲ့သို့ဝင်ရောက်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိခြင်း

New Voice of Ukraine; Jan-21(Sat)

ယူကရိန်း၌ သမားရိုးကျစစ်ပွဲကြီးများ ဆက်လက်ဖြစ်ပွားနေသည့်အကြား မော်လ်ဒိုဗာအစိုးရသည် ၎င်း၏ ကြားနေရပ်တည်ချက်ကို စွန့်လွှတ်ကာ NATO အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားနိုင်ခြေနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၀ ရက်၌ Politico သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် မော်လ်ဒိုဗာ သမ္မတ မီယာဆန်ဒူ (Maia Sandu) က ပြောကြားခဲ့သည်ဟု New Voice of Ukraine သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ လက်ရှိအချိန်တွင် မော်လ်ဒိုဗာနိုင်ငံအနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်သွားရေး၊ သို့မဟုတ် ကြီးမားသည့်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရေးနှင့်စပ်လျဉ်း၍ အလေးအနက်ထားဆွေးနွေးသွားရမည်ဖြစ်ကြောင်း သမ္မတဆန်ဒူက ပြောကြားခဲ့ပါသည်။

မော်လ်ဒိုဗာနိုင်ငံသည် ငြိမ်းချမ်းသောနိုင်ငံတစ်ခုဖြစ်ပြီး ၎င်း၏ အိမ်နီးချင်းနိုင်ငံ များနှင့် စစ်ပွဲစတင်သည့် နိုင်ငံတစ်ခုမဟုတ်ကြောင်း သမ္မတဆန်ဒူက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ၏ ဝါဒဖြန့်ချိမှုသည် မော်လ်ဒိုဗာလူဦးရေ၏ တစ်စိတ်တစ်ပိုင်းကို ဆွဲဆောင် စည်းရုံးနိုင်မည်ဖြစ်သော်လည်း ဝါဒဖြန့်ချိမှုနှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုမှုများသည် ရုရှားတို့၏ Hybrid Warfare ကို အားနည်းစေလျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံသားများ၏ ရဲရင့်မှုနှင့် ဇွဲသတ္တိရှိမှုများကြောင့် မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ယခုအချိန်အထိ စစ်ရေးအရ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရခြင်း မရှိသေးသည်ဖြစ်ရာ ယူကရိန်းနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း သမ္မတ ဆန်ဒူက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment