တူကီယဲတောင်ပိုင်းရှိ ငလျင်ဒုက္ခသည်များဆီသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးပို့နိုင်ရန်အတွက် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တူကီယဲနှင့် အာမေးနီးယား နှစ်နိုင်ငံနယ်စပ်ဂိတ်ကိုဖွင့်လှစ်ခဲ့ကြောင်း တူကီယဲနိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထောက်ပံ့ရေးယာဉ် ၅ စီးပါရှိသော အာမေးနီးယန်းကိုယ်စားလှယ်အဖွဲ့သည် အရှေ့ပိုင်း အူဒါ (Igdir) ပြည်နယ်ရှိ Alican နယ်စပ်ဂိတ်မှတစ်ဆင့် တူကီယဲသို့ဝင်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ အာမေးနီးယားအကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့သည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေတန်ချိန် ၁၀၀ ကို တင်ဆောင်ကာ အရှေ့တောင်ဘက် အဒီယာမန် (Adiyaman) ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment