Kyivpost; Feb-13 (Mon)
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး
ပီတာဆီဂျာတို (Peter Szijjarto) သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင်
ဘီလာရုဇ်နိုင်ငံ၏ မြို့တော် မင့်ခ် (Minsk) သို့ သွားရောက် ခဲ့ကြောင်း Kyivpost သတင်းဌာနက ဖော်ပြခဲ့ပါသည်။ NATO အဖွဲ့ဝင်ဟန်ဂေရီနိုင်ငံ အနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား
ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် တိုက်တွန်း ခဲ့ပါသည်။ နိုင်ငံတကာအသိုက်အဝန်းမှ
အဖွဲ့ဝင်အားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ
အမြန်ဆုံးဆောင်ရွက်ရန်နှင့် စစ်ရေးပဋိပက္ခကိုရှည်ကြာစေမည့်၊ သို့မဟုတ် ပြင်းထန်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန်
လုပ်ဆောင်သင့်သည်ဟု ပီတာက ၎င်း၏ Facebook
စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခတွင် NATO အဖွဲ့ဝင်ဖြစ်သော ဟန်ဂေရီနိုင်ငံအနေဖြင့်
ရုရှား၏ကျူးကျော်မှုကိုသာ ရှုတ်ချခဲ့ပြီး သမ္မတပူတင်ကို နာမည်တပ်၍ ဝေဖန်ပြောကြားမှုမရှိသဖြင့်
မရေရာသည့် ရပ်တည်ချက်ဖြင့် လျှောက်လမ်းလျက်ရှိကြောင်း သတင်းအရင်းအမြစ်များက
ဖော်ပြခဲ့ပါသည်။
ပဋိပက္ခမဖြစ်မီက သမ္မတ
ပူတင်၊ ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Alexander Lukashenko) တို့နှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့သည့်
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်
တောင်းဆိုမည့်အစား ယူကရိန်းထံသို့ လက်နက်များပေးပို့ရန်ကိုသာ ငြင်းဆို ခဲ့သူဖြစ်ပါသည်။
ရုရှား၏ မဟာမိတ်ဘီလာရုဇ်သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် ၂၀၂၂
ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ၎င်း၏နယ်မြေများကို ရုရှားအား
အသုံးပြုခွင့်ပေးခဲ့ပါသည်။ ယခုခရီးစဉ်နှင့်ပတ်သက်၍ မေးခွန်းများစွာ
ဖြစ်ပေါ်လာနိုင် သော်လည်း ဟန်ဂေရီသည်
ယူကရိန်းစစ်ရေးပဋိပက္ခချုပ်ငြိမ်းရေးအတွက် ကြားဝင်ဖျန်ဖြေ ပေးနိုင်ရန် လမ်းကြောင်းဖွင့်ပေးခြင်းဖြစ်ကြောင်း
ပီတာဆီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment