ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူး (Baku) မြို့သို့ ရောက်ရှိလျက်ရှိကြောင်းနှင့် အဆိုပါမြို့တွင် ဖေဖော်ဝါရီလ ၃ ရက်၌ ကျင်းပပြုလုပ်မည့် တောင်ပိုင်းသဘာဝဓာတ်ငွေ့စင်္ကြံဆိုင်ရာ အကြံပေးကောင်စီ၏ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်သွားမည် ဖြစ် ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဆီဂျာတိုသည် အဇာဘိုင်ဂျန်၌ ရောက်ရှိစဉ် ဥရောပတောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံမှ သဘာဝဓာတ်ငွေ့များ ထုတ်ယူ ခြင်းသည် ဥရောပအလယ်ပိုင်းသို့ စွမ်းအင်ထောက်ပံ့နိုင်ရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဆီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment