တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep
Tayyip Erdogan) သည်
ဖေဖော်ဝါရီလ ၁၈ ရက်တွင် လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘတ်ရှ် (Abdul
Hamid Dbeibeh) နှင့် တူကီယဲနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ် (Istanbul) တွင် တံခါးပိတ် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တူကီယဲနိုင်ငံပိုင် Yeni Safak သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ကိစ္စရပ်များကိုမူ တူကီယဲအစိုးရအနေဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ တူကီယဲနိုင်ငံတွင် ဖေဖော်ဝါရီလ ၆ ရက်၌ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment