Aljazeera; Feb-2(Thu)
ဆားဘီးယားနိုင်ငံအနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဉ်မရှိ ကြောင်းနှင့် စစ်ဘက်ကြားနေဝါဒအား ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic)က ဖေဖော်ဝါရီလ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတစ်ရပ်၌ ထုတ်ဖော်ပြောကြားခဲ့ပါ သည်။ ဆားဘီးယားနိုင်ငံအနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်ရန်ကြိုးပမ်းလျက် ရှိသည်ဟူသော စွပ်စွဲချက်များအား တုံ့ပြန်သည့်အနေဖြင့် သမ္မတ ဘူစစ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဆားဘီးယားနိုင်ငံအနေဖြင့် မိမိတို့ နိုင်ငံ၏ စစ်ဘက်အား အထိအခိုက်အပျက်အစီးမခံနိုင်ကြောင်းနှင့်
မိမိတို့နိုင်ငံပိုင် တပ်မတော်တစ်ရပ်ကိုသာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတ ဘူစစ်က ဆက်လက်ပြောကြားခဲ့ပါသည်။
ဆားဘီးယားနိုင်ငံသည် ၎င်းနိုင်ငံ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
တစ်ခုတည်းသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဥရောပသမဂ္ဂ (EU)သို့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်မှုအား ၂၀၁၂ ခုနှစ်မှစတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဆားဘီးယားနိုင်ငံသည် စစ်ဘက်ကြားနေဝါဒကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း NATO အဖွဲ့နှင့်မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ကာ ၎င်းအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူလျက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ သည်။ ထို့ကြောင့် ဆားဘီးယားနိုင်ငံအနေဖြင့် နိုင်ငံ၏ အကျိုးစီးပွားအတွက် EU အဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်မှုများကိုသာ မဖြစ်မနေကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်သော်လည်း NATO
အဖွဲ့သို့ ဝင်ရောက်သွားမည်မဟုတ်ကြောင်း သမ္မတ ဘူစစ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပ-အတ္တလန္တိတ်ပေါင်းစည်းရေး ဆိုင်ရာစင်တာနှင့် လွတ်လပ်သောဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာစင်တာတို့မှ ဦးဆောင် ပြုလုပ်သည့်
၂၀၂၀ ပြည့်နှစ် ဆားဘီးယားနိုင်ငံအတွင်း လူထုစစ်တမ်း ကောက်ယူခဲ့မှု များအရ ဆားဘီးယားနိုင်ငံသား ၈၀ ရာခိုင်နှုန်းသည် NATO အဖွဲ့သို့ ဝင်ရောက်ရန် ထောက်ခံအားပေးခြင်းမပြုကြောင်း
သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment