Anadolu Agency;Feb-20(Mon)
NATO အဖွဲ့သည် တူကီယဲနိုင်ငံရှိ မြေငလျင်ဒဏ်ခံစားနေရသောဒေသများသို့ ယာယီဆောက်လုပ်နေထိုင်နိုင်သည့် နေအိမ်အလုံးပေါင်း ၆၀၀
ကျော်အပါအဝင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း
Anadolu Agency သတင်းဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။
NATO အဖွဲ့သည် တူကီယဲနိုင်ငံအတွက် ယာယီနေအိမ်အလုံးပေါင်း ၁,၀၀၀ ကျော် ပေးပို့သွားမည်ဖြစ်ပြီး ကနဦးပို့ဆောင်သည့် အဆိုပါယာယီနေအိမ် ၆၀၀
ကျော်ကို သယ်ဆောင်လာသော ရေယာဉ်သည် အီတလီ နိုင်ငံ၊
တာရန်တို (Taranto) ဆိပ်ကမ်းမှ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းတွင် ထွက်ခွာ ခဲ့ကြောင်း NATO အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထောက်ပံ့မှုသည် မြေငလျင်ဒဏ် ကြောင့် ထိခိုက်ခံစားနေရသည့် တူကီယဲပြည်သူ ၄,၀၀၀ ခန့်အတွက် ယာယီနေအိမ် များအဖြစ် ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။
အဆိုပါယာယီနေအိမ်များအား လာမည့်သီတင်းပတ်တွင်
တူကီယဲနိုင်ငံ၊ အစ်ကန်ဒီရန် (Iskenderun) ဆိပ်ကမ်းသို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းထားလျက်ရှိ ပါသည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံမှ
တူကီယဲနိုင်ငံသို့ မိုးကာတဲများပေးပို့မည့် မဟာ ဗျူဟာမြောက်
လေကြောင်းသယ်ယူပို့ဆောင်မှုအစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်လျက် ရှိကြောင်း
NATO အဖွဲ့က ပြောကြားခဲ့ပါသည်။ NATO အထွေထွေအတွင်းရေးမှူးချုပ်
ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) ၏ ဖေဖော်ဝါရီလ ၁၆ ရက်တွင်
သွားရောက် ခဲ့သည့် တူကီယဲခရီးစဉ်အတွင်း တူကီယဲသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip
Erdogan) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအစီအစဉ်များထွက်ပေါ်
လာခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၆ ရက်၌
လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင် ၂ ခုကြောင့်
တူကီယဲပြည်သူပေါင်း ၄၁,၀၂၀ ခန့် သေဆုံးခဲ့ပြီး
လက်ရှိအချိန်တွင် တူကီယဲနိုင်ငံတွင် မြေငလျင်ဒဏ်ခံစားနေရသည့် ပြည်သူ ၁၃ သန်းကျော်အထိရှိနေကြောင်း
သိရှိရပါသည်။
No comments:
Post a Comment