မော်ဒိုဗာနိုင်ငံတွင် ဥရောပလိုလားသည့် သမ္မတ မိုင်ရာဆန်ဒူ (Maia Sandu) အား ကန့်ကွက်ရှုတ်ချသည့်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မတ်လ ၁၂ ရက်တွင် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူထောင်ပေါင်းများစွာအား အစိုးရရုံးများနှင့် ဝေးရာသို့ ဖယ်ရှား ခဲ့ကြောင်း Reuters သတင်းဌာနက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆန္ဒပြမှုများသည် ယူကရိန်းပဋိပက္ခဖြစ်ပွားမှုအတွင်း ဒုံးကျည်များ မော်ဒိုဗာနယ်စပ် အနီးသို့ ကျော်လွန်ကျရောက်ခဲ့ပြီးနောက် အန္တရာယ်ကျရောက်တော့မည့်အခြေအနေ ဖြစ်ကြောင်း သတိပေးချက်အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြမှုဖြစ်စဉ်အတွင်း အများပြည်သူလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများဖောက်ဖျက်မှုဖြင့် လူ ၅၄ ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း ထားပြီး ဆန္ဒပြသူများကိုလည်း မြို့တော်အတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ရုရှားအနေဖြင့် မော်ဒိုဗာသမ္မတ ဆန်ဒူကို ဖြုတ်ချရန်ကြံစည်နေကြောင်း မော်ဒိုဗာက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စွပ်စွဲပြောကြားထားပြီး အမေရိကန်ကမူ မော်ဒိုဗာနိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆန်ဒူဦးဆောင်သည့် အစိုးရ အဖွဲ့အား ထောက်ခံသွားမည်ဖြစ်ကြောင်း ကတိပြုထားပါသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားအနေဖြင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၁,၅၀၀ ခန့်ကို ထိန်းသိမ်းထားခဲ့သည့် ထရန်စ်နစ္စထရီးယား (Transdniestria) ခွဲထွက်ဒေသတွင် တင်းမာ မှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။ အထက်ပါဆန္ဒပြမှုဖြစ်စဉ်များ၏ နောက်ကွယ်တွင် ငွေကြေးလိမ်လည်မှုဖြင့် ပြည်နှင်ဒဏ်ပေးခြင်းခံထားရသူ အတိုက်အခံ နိုင်ငံရေးသမား စီးပွားရေးလုပ်ငန်းရှင် အလန်ဆော (llan Sor) က အဓိကထောက်ခံ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
မော်ဒိုဗာနိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဆန္ဒပြပြည်သူ ၂၀,၀၀၀ ခန့်သည် အနောက်နိုင်ငံများကိုလိုလားသော အစိုးရအား ရာထူးမှနုတ်ထွက် ပေးရန် တောင်းဆိုခဲ့ဖူးပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်တွင်လည်း ဆန္ဒပြသူ ၄,၅၀၀ ဦးခန့်သည် မော်ဒိုဗာနိုင်ငံ၊ မြို့တော် ချစ်စီနော (Chisinau) ၌ ကုန်ဈေးနှုန်း မြင့်မားမှုကျဆင်းစေရန် အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ပါသည်။ ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြပွဲအား ဦးဆောင်သည့် ရုရှားလိုလားသူ ၇ ဦးနှင့် အများပြည်သူလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်မှုဖြင့် လူ ၅၄ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့ပါသည်။ သမ္မတ မီယာဆန်ဒူ (Maia Sandu) သည် အနောက်အုပ်စုကို လိုလားသူဖြစ်ပြီး နိုင်ငံအား ရိုမေးနီးယားနိုင်ငံနှင့်ပူးပေါင်း၍ NATO အဖွဲ့သို့ဝင်ရောက်ရန် ဆန္ဒရှိသူတစ်ဦးဖြစ်ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားမှု ကြောင့် ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း မော်ဒိုဗာသို့ ဓာတ်ငွေ့ထောက်ပံ့မှု လျှော့ချ လိုက်ခြင်းကြောင့် နိုင်ငံအတွင်း အခွန်ငွေတောင်းခံမှုများသည် ၂.၆ သန်းအထိ မြင့်တက် ခဲ့ပြီး ၎င်းပမာဏသည် ယခင်ကထက် ၆ ဆအထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံ အတွင်း စွမ်းအင်အကျပ်အတည်းနှင့် အိမ်နီးချင်းယူကရိန်းစစ်ရေးပဋိပက္ခကြောင့် ငွေကြေး ဖောင်းပွမှုသည် ၃၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါသည်။ ရုရှားအနေဖြင့် အဆိုပါဆန္ဒပြမှုကို နောက်ကွယ်မှကြိုးကိုင်၍ သမ္မတ ဆန်ဒူကိုဖြုတ်ချရန် ကြံစည်မှုတစ်ခုဖြစ်ကြောင်းလည်း အစိုးရက စွပ်စွဲခဲ့ပါသည်။ မော်ဒိုဗာနိုင်ငံသည် ဥရောပ၏ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ရုရှားအပေါ် များစွာမှီခိုအားထားနေရသော်လည်း သမ္မတ ဆန်ဒူသည် ရုရှားနှင့် ဆက်ဆံရေးကိုငြင်းပယ်၍ အနောက်နိုင်ငံများ၏အလိုကျ နိုင်ငံကို ပုံဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်သည် ပြည်သူများအပေါ် များစွာသက်ရောက်မှုရှိသဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်းနှင့် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်ရေးအတွက် ကြားဝင်စွက်ဖက်မှုများဆောင်ရွက်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:
Post a Comment