Friday, March 17, 2023
တူကီယဲအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို မတ်လ ၁၈ ရက်မှစတင်၍ မေလ ၁၃ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ခြင်း
မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် တူကီယဲနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို မတ်လ ၁၈ ရက်မှစတင်၍ မေလ ၁၃ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သမ္မတကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုကို မတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တူကီယဲရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားပါသည်။ ထို့ပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မတ်လ ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ပြီးနောက်မှသာ သမ္မတကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာအမိန့်တစ်ရပ်ကို မတ်လ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment