Friday, March 3, 2023

ယူအေအီးနှင့် တူကီယဲတို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

ယူအေအီးနှင့် တူကီယဲနိုင်ငံတို့သည် မတ်လ ၃ ရက်တွင် နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယူအေအီးသမ္မတ မိုဟာမက်ဘင်ဇာရတ်အယ်လ်နာရန် (Sheikh Mohamed bin Zayed Al-Nahyan) က မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြား ဒေသတွင်းအငြင်းပွားမှုများမှတစ်ဆင့် ကာလရှည်ကြာ တင်းမာနေသည့်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယူအေအီးသမ္မတက ပြောကြားထားပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဘက်ပေါင်းစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ယူအေအီးနှင့် တူကီယဲနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းလာစေနိုင်သည်ဟု ယူအေအီးသမ္မတက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment