ဆိုက်ပရပ်စ်အမျိုးသားအစောင့်တပ်ဖွဲ့
(Cyprus’ National Guard) က အသုံးပြု လျက်ရှိသော ရုရှားနိုင်ငံထုတ်
စစ်လက်နက်ပစ္စည်းများကို ယူကရိန်းနိုင်ငံသို့ပေးပို့သွား မည်မဟုတ်ကြောင်း ဆိုက်ပရပ်စ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွန်စတန်တီနို
လက်တန်ဘိုင်အိုတစ် (Konstantinos
Letymbiotis) က ပြောကြားခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်သည်
ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီရက်ဇ်နီကော့ဗ် (Oleksii ReZnikov) နှင့်
ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီး မီခါလီဂျော်ဂဲလ်လာ (Michalis) တို့ တွေ့ဆုံမှုအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်က ယခုတွေ့ဆုံမှုမတိုင်မီအတွင်း
ယူကရိန်းအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် များနှင့်
တိုက်ခိုက်ရေးလက်နက်များ လိုအပ်လျက်ရှိကြောင်းရုပ်သံလိုင်းတစ်ခုတွင် ပြောကြားခဲ့ပါသည်။ ဆိုက်ပရပ်စ်တပ်ဖွဲ့များ၏
လက်နက်အများစုသည် ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ တင့်ကားများနှင့် သံချပ်ကာယာဉ်များဖြစ်သည့်အပြင် လက်နက်များကိုလည်း
ရုရှားနိုင်ငံထုတ်လက်နက်များ အများစုတပ်ဆင်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment